သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community center) ခန်းမ၌ (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

သရက်ချောင်း ဒီ‌ဇင်ဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community center) ခန်းမ၌ ယမန်နေ့က (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက (Book Club) အဖွဲ့ဝင်များအား စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် (Book Club) အဖွဲ့ဝင်များက စာရေးစာ‌ဆရာ ဗန်းမော်တင်အောင် ရေးသားထားသော ငဩစာအုပ်အကြောင်း ဆွေးနွေးရာ (Book Club) အဖွဲ့ဝင် ဦးဇော်ထက်အောင်က မျှော်တိုင်းငေးနှင့်သူ့ကျွန်ဘဝအကြောင်း၊ (Book Club) အဖွဲ့ဝင် ဦးစောလွင်က ရိုးမတောင်ခြေနှင့်အရှုံးနှင့်အနိုင်အကြောင်း၊ (Book Club) အဖွဲ့ဝင် ဒေါ်မိသူဇာက လိုက်တော်မူနှင့်ငဩ၏နောက်ဆုံးညအကြောင်းကို (Book Club) အဖွဲ့ဝင်များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက မိမိတို့ဌာနမှ ပြုလုပ်သော အသိပညာပေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် (Book Club) အဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ မြို့နယ်အတွင်းရှိ ကျောင်းသား/သူများနှင့် ပြည်သူများ စာဖတ်ခြင်းအလေ့အထကောင်းများရရှိအောင် မိမိတို့ဌာနနှင့် ပူးပေါင်း၍ ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားကာ အခမ်းအနား ရုပ်သိမ်းခဲ့‌ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)