ထားဝယ် ဒီဇင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအား အိမ်တွင်းမှုလုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင်လုပ်ကိုင် အသုံးပြုတတ်စေရန်အတွက် ဆပ်ပြာရည်ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က ဆပ်ပြာရည်ပြုလုပ်နည်း လုပ်ငန်းအဆင့်ဆင့်နှင့် ထည့်သွင်းအသုံးပြုရမည့် ကုန်ကြမ်းပစ္စည်းများ၏ အချိုးအစားကို ရှင်းလင်းပြောကြားပြီး ဆပ်ပြာရည်ကို မီးဖိုချောင်သုံးအဖြစ် ပန်းကန်ခွက်ယောက် ဆေးကြောသန့်စင်ရာတွင်လည်းကောင်း၊ လက်ဆေးဘေစင်များတွင် ထားရှိ၍ လည်းကောင်း အသုံးပြုနိုင်ကြောင်းနှင့် မိသားစုအပိုဝင်ငွေရရှိစေရန်လည်း တစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် ဆပ်ပြာရည်ပြုလုပ်နည်းမှ ရရှိလာသည့် ဆပ်ပြာရည်ဘူးများကို ဝန်ထမ်းများအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)