ကျိုက်လတ် ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း မြို့သန့်ရှင်းသာယာလှပစေရေးအတွက် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု လျော့ကျစေရေး၊ အမှိုက်စွန့်ပစ်မှု အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်နိုင်ဝင်းနှင့် ဝန်ထမ်းများမှ ပြည်သူများ သိရှိလိုက်နာနိုင်စေရန်ရည်ရွယ်၍ ပလတ်စတစ်လျော့ကျသော ပတ်ဝန်းကျင်ဖြစ်စေဖို့အတွက် သိကောင်းစရာ အချက်(၉)ချက်၊ အမှိုက်ပြဿနာဘာလို့ဖြစ်ရတာလဲ၊ ပလတ်စတစ်လျော့ချသည့်နည်းစဉ်များ(5R)၊ အမှိုက်တွေကို ဘယ်လိုပစ်သင့်သလဲ၊ အမှိုက်ကောက်ကြစို့၊ တို့တာဝန် စသည့် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု လျော့ကျစေရေး၊ အမှိုက်စွန့်ပစ်မှု အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေးနှင့်ပတ်သက်၍ သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျိုက်လတ် (ပြန်/ဆက်)