မအူပင် ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကျောင်းသား လူငယ်လူရွယ်များ အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က ကျောင်းရွာ အခြေခံပညာအထက်တန်းကျောင်း ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အ.ထ.က ကျောင်းရွာ အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီးက အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးနှင့် အငြိမ်းစားအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးစိုးတို့က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် စာပေဖတ်ရှုလေ့လာလိုက်စားခြင်း၏ အကျိုးကျေးဇူးများ၊ စာပေဆိုင်ရာအကြောင်းအရာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများနှင့် လူကုန်ကူးမှုအန္တရာယ်တိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာအကြောင်းအရာများအား အသိပညာပေးပြောကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ်တိုက်ဖျက်ရေးအသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေးစသည့် အသိပညာပေးနံရံကပ်စာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရှင်းလင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ ဆက်)