ကြံခင်း ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမ၌ အနာဂတ်၏မျိုးဆက်သစ်လူငယ်များ ဗဟုသုတတိုးပွားလာစေရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်လာစေရန်နှင့် လူအများရှေ့တွင် ပြောဆိုတတ်သည့် အလေ့အထကာင်းများရရှိစေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် (၈) နာရီအချိန်က မူလတန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပပြုလုပ်သည်။
ဦးစွာ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းက ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မူလတန်းအဆင့် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲကိုကျင်းပခဲ့ရာ အ.မ.က(မြို့မမြောက်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကာ ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များချီးမြှင့်ပေးအပ်ကြသည်။ ထို့နောက် ကလေးစာဖတ်ခန်းတွင် ရုံးအကူ ဒေါ်ဆုရည်နန္ဒာက ကျောင်းသား၊ ကျောင်းသူအား အရုပ်ဆက်ပြိုင်ပွဲကို ကျင်းပပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူမှ ပျော်ရွှင်စွာဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင် ပြပွဲနှင့်မူးယစ်ဆေးဝါးတို့ရှောင်ရှားအသိပညာပေး နံရံကပ်စာများကို အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ (၂၅) ဦးက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရ သည်။
ဖြိုးဝေလင်း(ပြန်/ဆက်)