ပခုက္ကူ ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာ ပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ်ဟောပြောပွဲနှင့်စာဖတ်ရှိန်မြှင့်တင်ရေးအသိ ပညာပေးဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်များ အကြောင်းရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပခုက္ကူမြို့နယ်စာရေးအသင်းဝင် စာရေးဆရာမမြမှူးသခင်က “လောကတစ်ခွင် ပညာဖြင့်အလှဆင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာအောင်ဝင်း(မျိုးချစ်သူ-ရေစကြိုသား)က “လွတ်လပ်ရေးနေ့အရသာ အပြည့်အဝခံစားရစေချင်”ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးရှင်းလင်းဆွေးနွေးကြရာ အမှတ်(၂)အခြေခံပညာကျောင်းအုပ်ကြီး ဒေါ်ဝင်တင်ဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အဆိုပါဟောပြောပွဲတွင် အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)