မင်းလှ ဒီဇင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ၊ ပုံပြောပြိုင်ပွဲနှင့် အသိပညာပေးဟောပြောခြင်းကို ဒီဇင်ဘာ ၉ ရက် နေ့လယ် ၁ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာအောင်က လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများအား ကျောင်းသား/သူလေးများကို အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် “ယုန်ကလေးခုနစ်ကောင်” ခေါင်းစဉ်ဖြင့် မူလတန်းအဆင့်ပုံပြောပြိုင်ပွဲ ကျင်းပခဲ့ရာ အ.မ.က ပြည်တော်သာမှ ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ၍ ဆုရရှိသူများကို ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသထားရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ကလေးငယ်များ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)