လိပ်သိုဒေသတွင် ရိုဘတ်စတာ (Robusta) ကော်ဖီသီးများ ရည့်မှည့်ပြီဖြစ်၍ စတင်ဆွတ်ခူး

လိပ်သို ဒီဇင်ဘာ ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ နှစ်ရှည်သီးနှံပင်ဖြစ်သော ရိုဘတ်စတာကော်ဖီပင်များ ဒေသအခေါ် ကော်ဖီအသေးများကို စီးပွားဖြစ် စိုက်ပျိုးထားကြပြီး ကော်ဖီသီးများရင့်မှည့်ချိန်၌ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

လိပ်သိုဒေသတွင် ရိုဘတ်စတာကော်ဖီပင်များအား သဘာ၀မြေဩဇာများကိုသာ အသုံးပြုကာ စိုက်ပျိုးထားကြကြောင်း၊ ကော်ဖီသီးများကို အပင် (၅)နှစ်သားအရွယ်ခန့်တွင် စတင်ဆွတ်ခူး ရောင်းချနိုင်ကြောင်း၊ တစ်ပင်လျှင် အနှစ် (၂၀) မျှကြအောင် အသီးသီးကြောင်း၊ ကော်ဖီသီးများကို အစိုအလိုက်သော်လည်းကောင်း၊ အခြောက်ပြုလုပ်၍သော်လည်းကောင်း ရောင်းချကြကြောင်း ကော်ဖီစိုက်ပျိုးသူဒေသခံတစ်ဦးထံမှ သိရသည်။

ယမန်နှစ်က ကော်ဖီသီးစတင်ဆွတ်ခူးရောင်းချချိန်၌ ကော်ဖီသီးအစိုတစ်ပုံးလျှင် ကျပ် (၁၅၀၀ဝိ/-) အထိ ရရှိသော်လည်း ယခုနှစ်တွင် ကော်ဖီသီးအစိုတစ်ပုံးလျှင် ကျပ် (၃၀၀၀ဝိ/-) မှ (၃၅၀၀ဝိ/-) အထိ ဈေးရရှိနေသဖြင့် ကော်ဖီစိုက်ပျိုးထားသူတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်