ပုလော ဒီဇင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ပုလောမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဇေယျာလင်းက မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ အသိပညာပေး ပြောကြားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက ရေစိုအဝတ်ဖြင့် ဖုံးအုပ်၍ မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း၊ ဂက်စ်အိုး စနစ်တကျ အသုံးပြုနည်းတို့ကို ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)