ရေဖြူတွင် ယခုနှစ်ကြံသီးနှံစိုက်ပျိုး‌အောင်မြင်ပြီး ယခင်နှစ်ထက် ဈေးပိုရ

ရေဖြူ  ဒီဇင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ဒေသတစ်ဝိုက်က ထွက်ရှိသော ကြံသီးနှံများ ယခင်နှစ်ကထက် ယခုနှစ်တွင် စိုက်ပျိုးသူတောင်သူများက ဈေးပိုရကြောင်း သိရသည်။

ယခင်နှစ်က ကြံတစ်ချောင်း လျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ဝန်းကျင်ရှိခဲ့ရာမှ ယခုနှစ်တွင်  ၂၀၀၀ ကျပ်အထိ ရောင်းရကြောင်း၊ ဈေးနှုန်းမြင့်တက်လာကြောင်း ကြံရောင်းဝယ်သူတစ်ဦးထံမှ သိရသည်။ ယခင်နှစ်ကထက် ယခုနှစ်တွင် ရာသီကောင်းသဖြင့် သီးနှံစိုက်ပျိုးအောင်မြင်ပြီး သွင်းအားစုဓာတ်မြေဩဇာများ ဈေးနှုန်းမြင့်သည့်အတွက်လည်း ကြံသီးနှံ‌ဈေးလည်း မြင့်တက်လာ‌ကြောင်း တောင်သူဦး‌ရွှေဘော်က ပြောသည်။

ယခင်နှစ်ကထက် ရောင်းအား‌ကောင်းကာ ဝယ်ယူသူများပြီး ပိုမိုရောင်းရကြောင်းနှင့် မိသားစုဝင်ငွေတိုးကြောင်း သိရသည်။

ခတ္တာ