မြဝတီခရိုင်၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန်ပိုမိုမြင့်မာစေရေး လူငယ်ရေးရာဆိုင်ရာ အသိပညာပေးဟောပြော

မြဝတီ ဒီဇင်ဘာ ၁၁

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အမှတ်() လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်တို့ ပူးပေါင်း၍   ယမန်နေ့က အမှတ်() အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာဆိုင်ရာ  အသိပညာပေး ဟောပြောသည်။

ဦးစွာ   ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန  လက်ထောက်ညွှန်ကြားရေးမှူး   ဦးရန်နိုင်ထွန်းက မီးခိုးမြူငွေ့များ ဖြစ်ပေါ်လာရခြင်းအကြောင်းရင်း၊ မီးခိုးမြူငွေ့ကြောင့် လူနှင့် သဘာဝပတ်ဝန်းကျင် အပေါ် သက်ရောက်နိုင်ပြီး လူသားတို့၏  ကျန်းမာရေးကို များစွာထိခိုက်နိုင်၍  သတိပြုလိုက်နာရမည့် အချက်များနှင့် ပလတ်စတစ်အိတ်သုံးစွဲခြင်း၏ဆိုးကျိုးများ၊ အမှတ်() လူကုန်ကူးမှု     တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူး သက်ဇော်ထွန်းက လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ ပေါ်ပေါက်လာပုံအကြောင်း၊ လူကုန်ကူးမှုခံရနိုင်သည့် အသက်အရွယ်လူကုန်ကူးမှုခံရပါက ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုအန္တရာယ်များနှင့် လူကုန်ကူးမှုမခံရစေရန် သတိပြုရမည့်အချက်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက လူငယ်များအနေဖြင့် လိမ္မာရေးခြားရှိစေရေး အသိပညာ၊ အတတ်ပညာသာမက ပြင်ပစာပေဗဟုသုတများ လေ့လာမှတ်သားရမည်ဖြစ်ကြောင်း၊ ပညာဖြင့်သာ အမှားနှင့်အမှန်  ခွဲခြားသိမြင်နိုင်မည် ဖြစ်၍ မိမိဘဝရည်မှန်းချက်ပန်းတိုင် လျှောက်လှမ်းရာတွင် အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်းတို့ကို ဟောပြောပေးသည်။

ထို့နောက် ဟောပြောသည့် အကြောင်းအရာအလိုက် ပြန်လည်မေးမြန်းခဲ့ကြရာ အဖြေမှန်သည့် ကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးပြီး  ပတ်ဝန်း ကျင်ဆိုင်ရာအသိပညာပေး၊ လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး၍ ဗဟုသုတဖြစ်ဖွယ် နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးထားရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။ 

ဇာဖြူဝင်း(မြဝတီ)