ဝါးခယ်မ ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွားတွင် ဒီဇင်ဘာ ၉ ရက် ညနေ ၃ နာရီခွဲအချိန်က စူပါစတား (41) နေကြာမျိုး စံပြစိုက်ခင်းအား သားခွဲဘောင်တင် အာဟာရကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာ၊ မြို့နယ်စံပြနေကြာ (၁၀) ဧကစိုက်ခင်းအနက် ကြာဖြူ ကွင်းအမှတ် (၁၀၀၀/က)၊ ဦးပိုင်အမှတ်(၁၇/က)ရှိ တောင်သူ ဦးဝင်းဗိုလ်၏ နေကြာစိုက်ခင်း၌ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မားရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တောင်သူများမှ နေကြာမျိုးစေ့ချစိုက်ပျိုးခြင်း၊ အပင်သားခွဲခြင်း၊ ပေါင်းပင်များနုတ်ခြင်း၊ ဘောင်တင်ခြင်း၊ အဟာရရွက်ဖြန်းအားဆေးဖြန်းခြင်းတို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)