နတ်မောက်မြို့ လူထုအခြေပြဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

နတ်မောက် ဒီဇင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ကျပန်းစကားပြောပြိုင်ပွဲကို  အလယ်တန်းအဆင့်ကျောင်းသား/သူများဖြင့် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကလေးငယ်များဘဝစွမ်းဆောင်ရည်မြင့်မားစေရန်၊ စကားပြောနိုင်မှု စွမ်းရည်တိုးတက်စေရေန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အလယ်တန်းအဆင့် ကျောင်းသား/သူများဖြင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပရာ ကျောင်းသား /သူလေးများမှ “ လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ “ကျွန်ုပ်၏ ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျွန်ုပ်နှစ်သက်သော စာအုပ်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး  တာဝန်ရှိသူများမှ ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့် ပေးခဲ့သည်။ 

အဆိုပါ  ကျပန်းစကားပြောပြိုင်ပွဲသို့ အခြေခံပညာအလယ်တန်းကျောင်း (တမာပင်)မှ ဆရာ/မများ၊ အလယ်တန်းအဆင့် ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ စုစုပေါင်း (၃၇)ဦးတက်ရောက်ခဲ့သည်။

လှဝင်း