ကျွန်းစု ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်နည်းများကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က အ.ထ.က ကျွန်းစုကျောင်း၌ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအောင်စိုးမောင်က မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ အသိပညာပေးပြောကြားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက ရေစိုအဝတ်ဖြင့် ဖုံးအုပ်၍ မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်နည်း၊ ဂက်စ်အိုးစနစ်တကျအသုံးပြုနည်းတို့ကို ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ပညာပေးသရုပ်ပြခဲ့ကြပြီး တက်ရောက်လာသူများအား လက်တွေ့စမ်းသပ်ငြှိမ်းသတ်ခဲ့ကြကာ 191 အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)