ကျွန်းစု ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မနက် ၁၀ နာရီခွဲအချိန်က အ.လ.က ကဖွားကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ကြီး ဒေါ်မာမာအေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သန်းဖြူလွင်က လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းနှင့် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင် ပြန်လည်ကြိုးပမ်းခဲ့မှုအကြောင်းတို့ကို အသိပညာပေး ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်/ဆက်ဝန်ထမ်းများက မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိနှင့် သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ မိန့်ခွန်းကောက်နုတ်ချက်များ ပါဝင်သော နံရံကပ် စာစောင်များ ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း၊ လွတ်လပ်ရေး၏ အနှစ်သာရများကို နားလည်သဘောပေါက်စေပြီး တန်ဖိုးထားထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန်နှင့် မြန်မာ့လွတ်လပ်ရေးကို ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)