တောင်တွင်းကြီး ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီ၊ မကွေးခရိုင် တောင်တွင်းကြီးမြို့နယ် ချောင်းနက်အုပ်စု၊ ချောင်းနက်အရှေ့၌ တောင်သူ ဦးစိုးမြင့်၏ လယ်မြေကွင်းအမှတ် (၂၇၂၉)၊ ဦးပိုင်အမှတ် (၂၈၇)ရှိ စိုက်ဧက (၁)ဧကတွင် ယနေ့ နံနက်ပိုင်းက ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စပါးမျိုး ဆင်းသုခ မိုးစပါးစံကွက် စုပေါင်းရိတ်သိမ်းခဲ့ကြသည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် တောင်တွင်းကြီးမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြင့်မောင်၊ ကွင်းတာဝန်ခံ ဦးမြင့်နိုင်နှင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး စပါးမျိုး ဆင်းသုခ တစ်ဧကလျှင် ပျမ်းမျှအစိုထွက်တင်း ၇၈ဒသမ၁၃တင်း ထွက်ရှိကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)