မြိတ် ဒီဇင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ အင်္ဂမော်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၆၅)၊ ကလင်ဘန်းကွင်း၊ ဦးပိုင်အမှတ်(၄၀)၊ မြေကွက်အမှတ်(၂၆၇)၊ တောင်သူ ဦးငွေလွယ်၏ ဆင်းသုခ စပါးမျိုးစိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းတွင် ဒီဇင်ဘာလ(၆)ရက်က မိုးစပါးစံကွက် ရိတ်သိမ်းခဲ့ကြသည်။
စံကွက် ရိတ်သိမ်းရာတွင် မြို့နယ်မြေစာရင်းဦးစီးဌာန ဝန်ထမ်းများက ဆင်းသုခ စပါးမျိုး မိုးစပါးစံကွက် ရိတ်သိမ်းခဲ့ကြရာ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး၊ ခရိုင်မြေစာရင်းဦးစီးဌာနမှူး၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှူး၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှူး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး တို့က ကြည့်ရှုအားပေးခဲ့ကြပြီး (သင့်) ကိုယ်စားပြု အလွှာတွင် တစ်ဧက ပျမ်းမျှအထွက်နှုန်း အစိုထွက် (၈၁.၇၅) တင်း၊ အခြောက်ထွက် (၇၆.၅၂) တင်း ထွက်ရှိကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)