တောင်တွင်းကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

တောင်တွင်းကြီး ဒီဇင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဒီဇင်ဘာ (၆)ရက်နေ့က စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင် (၃) ဒေါ်မိုင်စန်းသီတာဌေးက ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး ကဗျာရွတ်ဆိုပြိုင်ပွဲကိုကျင်းပရာ မြို့မအခြေခံပညာအလယ်တန်းကျောင်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၁) ဦးက မိမိတို့ကြိုက်နှစ်သက်ရာ ကဗျာခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အဆိုပါပြိုင်ပွဲသို့ မြို့မအခြေခံပညာအလယ်တန်းကျောင်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)