စလင်း ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူခရိုင်၊ စလင်းမြို့၊ ပုထိုးဖြူရပ်ကွက် ဒို့မေတ္တာ(အခမဲ့) ကုသိုလ် (၈)မျိုး ကျန်းမာရေးနှင့် နာရေးကူညီမှုအသင်းမှ ဒီဇင်ဘာ(၇)ရက်ယမန်နေ့က. နံနက်ပိုင်းမှ စတင်ကာ နေ့လယ် ၁ နာရီအချိန်အထိ စေတနာရှင်ဆေးဝါးကျွမ်းကျင် ဆရာဝန်များနှင့်ပူးပေါင်းကာ ကျန်းမာရေးချို့တဲ့သူ ရပ်ဝေးရပ်နီးမှ ဝေဒနာရှင်များအား ဆေးကုသပေး၍ အဟာရဒါနပြုလုပ် ကျွေးမွေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့် နာရေးကူညီမှုအသင်းအား ဆရာတော်(ဦးပညာသီရီ)မှ ဦးဆောင်ကြီးကြပ်မှုဖြင့် အပတ်စဥ်စနေနေ့တိုင်း (အခမဲ့) စေတနာဆရာဝန်(၄)ဦးနှင့် တိုင်းရင်းဆေးဆရာ(၁)ဦး၊ဆေးဝါးကျွမ်းကျင်သူ စေတနာရှင် (၃၀) ဦးတို့မှ စုပေါင်း၍ စလင်းမြို့နယ်အတွင်းနှင့် ရပ်ဝေးရပ်နီးမှ ကျန်းမာ ရေးချို့တဲ့သူ ဝေဒနါရှင်များအား (စမ်းသပ်စစ်ဆေး၍)ဆေးကုသခြင်းကို ပူးပေါင်းပါဝင်ကူညီသူအပေါင်းမှ မေတ္တာများဖြင့်(အခမဲ့)စမ်းသပ်စစ်ဆေးဆေးကုသပေးခြင်း စားဆေးသောက်ဆေးများပေးဝေ၍ ဆေးကုသပေးလျက်ရှိရာ အရုပ်အလပ်အမြတ်မရွေး ဆေးကုသမှုခံယူသူ ကျန်းမာရေးချို့တဲ့ သူဝေဒနါရှင်(၃၆၂)ဦးတို့အား စမ်းသပ်စစ်ဆေးဆေးကုသပေးခဲ့ကာ အဟာရဒါနကုသိုလ်ရှင် (မနီဝါညို့က)(၄၃)နှစ်ပြည့် မွေးနေ့ကုငိုလ်အဖြစ် နံနက်စာ၊ နေ့လယ်စာများဖြင့် ကုသိုလ်ယူ ကျွေးမွေးခဲ့ကာ အပတ်စဥ်(စနေနေ့တိုင်း)အခမဲ့ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
မောင်လွင်(စလင်း)