သာပေါင်းမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် နယ်လှည့်ဟောပြောပွဲ၊ နံရပ်ကပ်စာ‌စောင်ပြပွဲနှင့် စာအုပ်ပြပွဲများ ကျင်းပ

သာပေါင်း ဒီဇင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် နယ်လှည့်ဟောပြောပွဲ၊ နံရပ်ကပ်စာ‌စောင်နှင့် စာအုပ်ပြပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ကစတင်ကာ ဘုရားကုန်းကျေးရွာအုပ်စု၊ အင်းကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း(အင်းကုန်း)၊ တလုပ်ကုန်းကျေးရွာအုပ်စု၊ နွားတောင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း(နွားတောင်)၊ ဆိပ်ကြီးကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း(ဆိပ်ကြီး)၊ ကြပ်ကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း(ကြပ်ကုန်း)တို့၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဦး‌အောင်တင်က ”လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာပေဖတ်ရှုရေး” ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘဝကိုနည်းလမ်းတကျဖွံ့ဖြိုးတိုးတက်ရန် သုတ၊ ရသစာပေများ ဖတ်ရှုရန်လိုပါကြောင်း၊ စာမတတ်သူ၊ စာမဖတ်သူသည် မျက်စိကန်းနေသူနှင့်တူပါကြောင်း၊ စာဖတ်ခြင်းဖြင့် မိမိဘဝကိုတိုးတက်မြင့်မားလာအောင် ပြုလုပ်ဆောင်ရွက်ရန်လိုပါကြောင်း၊ မရှိမဖြစ် သိသင့်သိထိုက်သော ဗဟုသုတပေါင်းစုံသည် စာအုပ်စာပေများတွင်ရှိနေပါကြောင်း၊ စာဖတ်ခြင်းဖြင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်ကိုအကျိုးပြုမည့် သားကောင်း၊ သမီးကောင်းများဖြစ်လာနိုင်မှာဖြစ်ပါကြောင်း စသည်ဖြင့် အသိပညာပေးဟောပြောပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာ‌ပေးနံရံကပ်စာစောင်၊ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း