လဟယ်မြို့တွင် အခြေခံ/အဆင့်မြင့် စက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

လဟယ် ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော အခြေခံ/အဆင့်မြင့်စက်ချုပ်နည်းပညာသင်တန်းဖွင့်ဆင်းပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ လူနေမှုဘ၀အဆင့်မြင့်မားရေး၊ အမျိုးသမီးများ အိုးမကွာအိမ်မကွာမိသားစု၀င်ငွေတိုးရေး စီမံကိန်းများကို နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းတွင် ထူးချွန်သင်တန်းသူ (၅)ဦးကို လုပ်ငန်းထူထောင်နိုင်စေရန် သင်တန်းသူတစ်ဦးအတွက် ငွေကျပ် (၁၄)သိန်းတန်ဖိုးနှင့်ညီမျှသော ဒေသဖွံ့ဖြိုးရေးသုံးစက်ပစ္စည်းများအား တက်ရောက်လာကြသော တာ၀န်ရှိသူများက ထောက်ပံ့ခဲ့ရာ ထူးချွန်သင်တန်းသူ (၅)ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။ ၎င်း‌နောက် စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့‌ကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးလင်းကိုကိုနှင့် အဖွဲ့ဝင်များ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ‌အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာန ဒေသတာဝန်ခံ ဦးစိုင်းညီညီထွန်းနှင့် ရုံး၀န်ထမ်းများ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

မြို့နယ်(ပြန်/ဆက်)