ဟုမ္မလင်း ဒီဇင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ကြီးမှူး၍ စာဖတ်ရှိန်မြင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာအုပ်စု၊ နားသဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် နားသဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျော့ကျော့ယဉ်က အဖွင့်အမှာစကားပြောကြာပြီး ဟုမ္မလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဧဆက်က စာဖတ်ခြင်းဖြင့် ရရှိလာသည့်အကျိုးကျေးဇူးများ၊ စာဖတ်ရှိန်မြင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ဆောင်ရွက်ရခြင်းအကြောင်းကို ရှင်းလင်းဟောပြောဆွေးနွေးခဲ့ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်နန်းမဉ္ဇူအေးက စာဖတ်ခြင်းသည် ယဉ်ကျေးသိမ်မွေ့ပြီး တိုးတက်မည့်နည်းလမ်းကောင်းများ ရရှိမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဧဆက်က အဆိုပါကျောင်းရှိ ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသစာအုပ်စာစောင်များ လှူဒါန်းခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော ဉာဏစွမ်းရည်ပြိုင်ပွဲမှ အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို တာ၀န်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
အဆိုပါကျောင်းရှိ ဆရာ/ဆရာမများ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး၊ နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြဘုတ်များအား စိတ်၀င်တစား ကြည့်ရှုလေ့လာခဲ့ကြပြီး နယ်လှည့်စာကြည့်တိုက်ဖြင့် သုတ၊ ရသ စာအုပ်များအား ငှားရမ်းပေးခဲ့ကြောင်းသိရှိရသည်။
ဟုမ္မလင်း (ပြန်/ ဆက်)