မော်လမြိုင်ကျွန်းမြို့နယ်၌ သမဝါယမအသင်းစုလီမိတက်မှ ရေဆင်းစပ်မျိုး(၁)နေကြာ ၅(ဧက)စံပြစိုက်ခင်း စိုက်ပျိုးပွဲကျင်းပ

မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာတွင် သမဝါယမဦးစီးဌာန၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်မှဦးဆောင်၍ ကွင်း/ ကွက်အမှတ် (၁၁၆၈/ခ)၊ ဦးပိုင်အမှတ် (၁၄/၅)၌ ရေးဆင်းစပ်မျိုး (၁)နေကြာစံပြကွက်(၅)ဧက စိုက်ပျိုးပွဲကို တောင်သူဦးမြင့်ဇော်လယ်မြေ၌ ယမန်နေ့ နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားကို မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဒေါ်ယဥ်ယဥ်နုက ဆောင်းနေကြာစိုက်ပျိုးရာ၌ မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးနည်းစနစ်နှင့် သတ်မှတ်ဧကအထွက်တိုးပြီးပြည့်မီအောင် စိုက်ပျိုးခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဥ်ယဥ်နုနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးကျော်ကျော်နှင့် အမှုဆောင်အဖွဲ့၊ အသင်းဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ ဝဲဒေါင်းကျေးရွာအုပ်ချုပ်ရေးမှူး၊ သမဝါယမအသင်းသား၊ တောင်သူများတို့က ဆောင်းနေကြာ ရေဆင်းစပ်မျိုး(၁)နေကြာအား စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)