လဟယ်မြို့တွင် ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲ

လဟယ် ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ဒီဇင်ဘာအားကစားလပထမအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ယနေ့နံနက်(၀၆:၁၅)နာရီအချိန် လဟယ်မြို့ရွှေပြည်သာအားကစားကွင်းမှစတင်၍ တာလံရပ်ကွက်၊ မြို့မရပ်ကွက်ဗီးကူလမ်းအတိုင်းချီတက်ကာ ရွှေပြည်သာအားစကားကွင်း၌ စုရပ်ပြုလုပ်ပြီး ကိုယ်လက်ကျန်းမာကြံ့ခိုင်စေဖို့ လေ့ကျင့်ခန်းများဆောင်ရွက်ကြပါသည်။

အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် နာဂဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ အတွင်းရေးမှူးဦးလင်းကိုကိုနှင့် ဒေသစီမံအဖွဲ့၀င်များ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ ဒေသအဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ၀န်ထမ်းများ၊ ရပ်ကွက်ပြည်သူများ စုပေါင်းအင်အား(၄၅၀)ဦးခန့် ပါ၀င်ပြီး လူထုစုပေါင်းလမ်းလျှောက်ပွဲတွင်ပါ၀င်သူများအား ကောက်ညှင်းပေါင်း၊ အကြော်၊ လက်ဖက်ရည်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

(မြို့နယ်ပြန်ဆက်)