ဖောင်းပြင် ဒီဇင်ဘာ ၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ရုံးအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က ဖောင်းပြင်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းခန်းမ၌ အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (ရွှေညောင်ပင်)မှ ကျောင်းအုပ်ဆရာကြီး ဦးစိန်လင်းက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်လင်းအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် အားလပ်သည့်အချိန်များတွင် ပြင်ပဗဟုသုတရရှိမည့်စာအုပ်များကို ဖတ်ရှူ့ဖို့လိုကြောင်း၊ စာပေလေ့လာဖတ်ရှူ့ခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာမည်ဖြစ်ကြောင်းနှင့် လူကုန်ကူးမှုကြိုတင်ကာကွယ်ရေး၊ လူကုန်ကူးမှုမဖြစ်ပွားစေရန် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင် စိတ်ကြွရူးသွပ်ဆေးများ၏ အန္တရာယ်နှင်ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို အကျယ်တ၀င့် ရှင်းလင်းဟောပြောသည်။
ထို့နောက်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာ၀န်ခံဦးကျော်သန်းစိန်က စားသုံးသူရေးရာ သိကောင်းစရာများ အကြောင်းကိုလည်းကောင်း၊ မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း(BookClub) အဖွဲ့၀င် ဦးဇော်၀င်းက စာပေကို ချစ်မြတ်နိုးပါ ခေါင်းစဉ်ဖြင့် အသီးသီးဟောပြောကြသည်။
ဆက်လက်ပြီးစာထောက်ကျွမ်းကျင်-၃ ဒေါ်ယဉ်ယဉ်ထွေက ကျောင်းသား၊ ကျောင်းသူများအား ပုံပြောခြင်းများ ဆောင်ရွက်ပေးသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ရုံးမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်စာစောင်များ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာကြည့်ရှူ့ခဲ့ကြပြီး နယ်လှည့်စာကြည့်တိုက်အဖြစ် စာအုပ်၊ စာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)