ကရသူရိမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသဆောင်ရွက်

ကရသူရိ ဒီဇင်ဘာ ၆

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက လူငယ်/လူရွယ်များသည် စာအုပ်/စာပေများဖတ်ရှုရန်နှင့် အမြဲလေ့လာဆန်းသစ်ကြရန်လိုအပ်ကြောင်း၊ အသိပညာ

ဗဟုသုတများပြည့်စုံပြီး  ထူးချွန်သူများဖြစ်ရန်လိုအပ်ကြောင်း၊ လူငယ်အချင်းချင်းရိုင်းပင်းကူညီခြင်းနှင့် လူငယ်ဆိုင်ရာသိကောင်းစရာတို့ကိုဟောပြောခဲ့သည်။ ထို့နောက် အသိပညာဗဟုသုတရရှိရေး လူငယ်ဆိုင်ရာပညာပေးပြဘုတ်များဖြစ်သည့်  မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးတို့ကိုပြသရာ ကျောင်းသား/သူများက စိတ်ဝင်တစ်စားလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)