နတ်မောက် ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူများအား စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့သည်။
“ကျောင်းသား/သူများအား စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေးခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ပိုမိုကောင်းမွန်လာစေရန်၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန်၊ စာအုပ်စာစောင်များနှင့် ရင်းနှီးကျွန်းဝင်လာသည့်အပြင် စာပေဖတ်ရှုခြင်းမှ ရရှိလာသည့်အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အလုပ်တာဝန်များ မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဆရာ/ဆရာမများအတွက် သွားရောက်ငှားရမ်းပေးခြင်းဖြစ်ပါတယ်” ဟု မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ မြို့နယ် ဦးစီးအရာရှိက ပြောကြားသည်။
နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များသို့ နှစ်ပတ်လျှင် (၁)ကြိမ်စာအုပ်၊ စာစောင်များလှဲလှယ်၍ ငှားရမ်းပေးလျက်ရှိသည်။
မူမူစန်း