ဘုတ်ပြင်းမြို့တွင်  မီးဘေးကြိုတင်ကာကွယ်​ရေးအသိပေးနှိုးဆော်

ဘုတ်ပြင်း  ဒီဇင်ဘာ  ၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညက မြို့ပေါ်ရပ်ကွက်များတွင် အသိပေး ဆောင်ရွက်လျက်ကြောင်းသိရသည်

ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေး  မီးဘေးသတိရှိရေး   မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ မြို့နေပြည်သူများအနေဖြင့် မီးအသုံးပြုရာတွင် စနစ်တကျအသုံးပြုမှုများနှင့် နေအိမ်များတွင် မီးသတိပြုရန်မီးဘေး အန္တရာယ်ကာကွယ်နိုင်ရန်အတွက်   မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေးပုံးများနှင့်  မီးသတ်ဆေးဘူးများ အဆင့်သင့်ထားရှိရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်၊ လျှပ်စစ်မီးအသုံးပြုရာတွင်လည်း မီးဘေးလုံခြုံအတွက် အလေးထားလိုက်နာဆောင်ရွက်ကြရန် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြရန် မီးဘေးအန္တရာယ်ကြုံတွေ့ပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ ဆောင်ရွက်ကြရန်စသည့်တို့ကို မြို့ပေါ်ရပ်ကွက်များနှင့် လမ်းဆုံများတွင် အသိပေးနှိုးဆော်များကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်ဖြင့် အသိပေးနှိုးဆော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်