ကံမ ဒီဇင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများအား ဆုံဆို့၊မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ကံမမြို့၊ အမှတ်(၂)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း(မြို့မ)မှ ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ်မကျော်သော ကျောင်းသား ကျောင်းသူများအား ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးနှင့် အသက်(၉)နှစ်ပြည့်ပြီး (၁၀)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးတို့အား ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)