စလင်း ဒီဇင်ဘာ ၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ ပိုးတန်းရပ်ကွက်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း၌ စလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကြီးကြပ်မှုဖြင့် ဆင်ဖြူကျွန်းမြို့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဆရာ၊ ဆရာမများက ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းရှိ အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HVP)နှင့် ဆုံဆို့ မေးခိုင်ရောဂါကာကွယ်ဆေးများအား ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆင်ဖြူကျွန်းမြို့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်မေအောင်ဇင် ဦးဆောင်သော ကျန်းမာရေးဆရာမများက ပိုးတန်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်းရှိ အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HVP)နှင့်ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ပြီး မြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်းရှိ ကလေးငယ်များကိုလည်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မောင်လွင်(စလင်း)