နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

နတ်မောက် ဒီဇင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာဖတ်စွမ်းဆောင်ရည်မြင့်မားစေရန်၊ စကားပြောနိုင်မှုစွမ်းရည် တိုးတက်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။  ဆက်လက်၍  ပုံပြောပြိုင်ပွဲကျင်းပရာ မူလတန်းအဆင့် ကျောင်းသား/သူများမှ မိမိတို့ နှစ်သက်သည့် ခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။

အဆိုပါ ပုံပြောပြိုင်ပွဲသို့ နတ်မောက်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)မှ ဆရာ၊ ဆရာမများနှင့် ပြိုင်ပွဲဝင် ကျောင်းသား/သူ စုစုပေါင်း (၄၃) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း