မြဝတီခရိုင်၌  မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကျင်းပ

မြဝတီ  ဒီဇင်ဘာ ၅

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊   မြဝတီမြို့နယ်အတွင်းရှိ   အခြေခံပညာကျောင်းများမှ  ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူ လူရည်ချွန်မောင်မယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ဒီဇင်ဘာ ၄ ရက်မှ စတင်ကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်ကျင်းပခဲ့သည်။

အဆိုပါ လူရည်ချွန်စာမေးပွဲ ဖြေဆိုနေမှုကို မြို့နယ်ပညာရေးမှူး  ဦးမိုးကျော် ဦးဆောင်မှုဖြင့်  ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးကာ ဒီဇင်ဘာ ၄ ရက်မှ စတင်ဖြေဆိုခဲ့ပြီး ယနေ့နံနက်ပိုင်းက အထွေထွေဗဟုသုတဘာသာရပ်တွင် စာရင်းရှိ ၆၁ ဦး  အနက် Grade-9 မှ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး၊ Grade-10 မှ  ကျောင်းသား၊ ကျောင်းသူ ၁၆  ဦး၊ Grade - 11 မှ ကျောင်းသား၊ကျောင်းသူ ၁၄ ဦးနှင့် Grade – 12 မှ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး  စုစုပေါင်း ၆၀ ဦးဝင်ရောက်ဖြေဆိုလျက်ရှိပြီး မွန်းလွဲပိုင်းတွင်လူတွေ့ နှုတ်ဖြေ စာမေးပွဲစစ်ဆေးသွားမည်ဖြစ်သည်။

ဆက်လက်၍   မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး   စာမေးပွဲကို   ဒီဇင်ဘာ  ၆ ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းများဆောင်ရွက်သွားမည်ဖြစ်ပြီးရွေးချယ်ခြင်းခံရသည့်ကျောင်းသား၊ ကျောင်းသူများသည် ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

ဇာဖြူဝင်း(မြဝတီ)