ကရသူရိမြို့၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးငြိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်/ သရုပ်ပြခြင်း‌ ဆောင်ရွက်

ကရသူရိ ဒီဇင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ မီ‌ဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးငြိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်/ သရုပ်ပြခြင်းများကို ယနေ့နံနက် ၉နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထို့သို့ဆောင်ရွက်ခြင်းကို ကရသူရိမြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူးမှ ကြီးကြပ်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရုတ်တရက်မီး‌လောင်မှုဖြစ်ပေါ်လာပါက လက်တွေ့မီးငြိမ်းသတ်နည်းသရုပ်ပြသခြင်း၊ ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ခြင်း၊ မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်ပုံနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးများကို ပြသဆောင်ရွက်ပြီး မီးဘေးလုံခြုံရေးအတွက် ဌာနဆိုင်ရာရုံးများရှိ လျှပ်စစ်ဝါယာကြိုးများ၊ မီးသတ်ဆေးဗူးများနှင့်လျှပ်စစ်ပစ္စည်းအသုံးအဆောင်များအား လိုက်လံစစ်ဆေးကာ လိုအပ်သည်များအား မြို့အုပ်ချုပ်ရေးမှူးက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)