စစ်ကိုင်းမြို့တွင် အခြေခံပညာကျောင်းများသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များငှားရမ်းပေးလျက်ရှိ

စစ်ကိုင်း  ဒီဇင်ဘာ ၅

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် အခြေခံပညာကျောင်းများသို့ အပတ်စဉ် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ  ယမန်နေ့ နံနက်ပိုင်းတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့  သွာရောက်ငှားရမ်းပေးခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန် ရည်ရွယ်၍စာအုပ်များ ငှားရမ်းဖတ်ရှုနိုင်စေရန်  ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ပေါ်တွင်  သုတ/ရသ စာအုပ်မျိုးစုံ(၂၀၀၀)ကျော် စီစဉ်ထားရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ် လဲလှယ်ဖြည့်ဆည်းပေးလျက်ရှိသည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများသို့ တပတ်လျှင် တစ်ကြိမ်စီသွားရောက်၍ စာအုပ်များကိုငှားရမ်းပေးပြီး ရက်သတ္တပတ်တစ်ပတ်ပြည့်လျှင် ပြန်လည်အပ်နှံကာ စာအုပ်အသစ်များထပ်မံလဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။                                                                      

နေလင်းအောင်(ပြန်/ဆက်)