ကျွန်းလှမြို့၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲဖြေဆို

ကျွန်းလှ ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ကျွန်းလှ)၌ ကျင်းပကြောင်း သိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ မြန်မာစာနှင့် အင်္ဂလိပ်စာဘာသာဖြေဆိုနေခြင်းကို မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ သက်ဆိုင်ရာ ဆရာ၊ ဆရာမများ ကြီးကြပ်ဆောင်ရွက်ပေးကြသည်။

အဆိုပါ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲသို့ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ Grade -9၊ Grade-10၊ Grade-11၊ Grade-12 ကျောင်းသား၊ ကျောင်းသူ (၄၀) ဦး ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)