အုတ်တွင်းမြို့နယ် မဲကုန်းရပ်ကွက်အတွင်း အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့်လိုက်လံရောင်းချပေး

အုတ်တွင်း ဒီဇင်ဘာ ၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူပြည်သူများစားဝတ်နေရေးအဆင်ပြေစေရန်ရည်ရွယ်၍ အခြေခံစားသောက်ကုန်များကို ယမန်နေ့နံနက်ပိုင်းက အုတ်တွင်းမြို့ပေါ်မဲကုန်းရပ်ကွက်အတွင်း ရွေ့လျားစနစ်ဖြင့်စျေးနှုန်းချိုသာစွာလိုက်လံရောင်းချပေးခဲ့သည်။

အဆိုပါစားသောက်ကုန်များရောင်းချပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ်မဲကုန်းရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားများအတွက်ရည်ရွယ်ကာ ပြင်ပစျေးနှုန်းထက်သက်သာသော တန်ဖိုးသင့်ဆန်တစ်ပြည်လျှင် ငွေကျပ်( ၃၀၀၀)၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ်(၄၀၀)၊ စားအုန်းဆီတစ်ပိဿာလျှင် (၈၄၀၀)နှုန်း ရွေ့လျားစနစ်ဖြင့် စျေးနှုန်းချိုသာစွာလိုက်လံရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)