သရက် ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့ နံနက်(၉)နာရီ အချိန်က သရက်မြို့ ရွှေစင်ငွေစင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းက အမှာစကားပြောကြားခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။ အစည်းအဝေးတွင် သဘာပတိ ဦးသောင်းထိုက်နှင့် သရက်မြို့နယ် သမဝါယမဦးစီးမှူး ဒေါ်စန်းစန်းထွေးတို့က အမှာစကားပြောကြားကြပြီး ဒါရိုက်တာအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွက် လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ ဖတ်ကြားခြင်း၊ အသင်း၏ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးတင်ပြခြင်း၊ နှစ်ချုပ်စာရင်းရှင်းတမ်းနှင့် အမြတ်ခွဲဝေစာရင်းကို ဖတ်ကြားခြင်း၊ အသင်းသားများက အကြံပြုရှင်းလင်းခြင်းများဆောင်ရွက်ကြပြီး ရှေ့လုပ်ငန်းစဉ်များအတွက် ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇော်ထက်(သရက်)