ပခုက္ကူမြို့နယ်လူမှုဖူလုံ‌ရေးရုံး၌ အမြဲတမ်းမသန်စွမ်းမှုအတွက် အကျိုးခံစားခွင့်ထုတ်ပေး

ပခုက္ကူ ဒီဇင်ဘာ ၄

မကွေးတိုင်းဒေသကြီး ပခုက္ကူမြိုနယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားတစ်ဦး၏ အမြဲတမ်းမသန်စွမ်းမှုအတွက် အကျိုးခံစားခွင့်ထုတ်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်လူမှုဖူလုံရေးရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် ပခုက္ကူမြို့နယ်လူမှုဖူလုံရေးရုံးမှ ရုံးခွဲတာဝန်ခံ ဒေါ်ယဉ်ယဉ်ထွေးက ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်ထုတ်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး  အာမခံအလုပ်သမား ဦးမြင့်ခိုင် (CONSUMER GOODS MYANMAR LIMITED)၏ လုပ်ငန်းခွင်ထိခိုက်ပြီး အမြဲတမ်းမသန်စွမ်းမှုအတွက်  အကျိုးခံစားခွင့်ငွေလုံးငွေရင်းကျပ်  ၅၀၈၀၃၂၀/- (ကျပ်ငါးဆယ့်သိန်းရှစ်‌သောင်းထောင်သုံးရာ့နှစ်ဆယ်တိတိ)ကို တာဝန်ရှိသူများက ထုတ်ပေးခဲ့ကြောင်းသိရသည်။                                                         

ဘာမီသာ(ပခုက္ကူ)