ဘားအံ ဒီဇင်ဘာ ၄
ဒေသအတွင်း နေ့စဉ်စားသုံးလျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို စွမ်းအားပြည့် လုပ်ကိုင်ထုတ်လုပ်နိုင်ရန်နှင့် ဘားအံရိုင်အတွင်း စားသုံးဆီဖူလုံရေးနှင့် ငါးစားသုံးမှုဖူလုံးရေး၊ ငါးမွေးကန်များ တိုးချဲ့သွားမည်ဖြစ်ကြောင်း ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ဘားအံခရိုင် စိုက်ပျိုးရေး၊ မွေးမြူရေးတိုးတက်မှု၊ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄)မှ သိရသည်။
ဘားအံခရိုင်အတွင်း စားသုံးဆီဖူလုံးရေးအတွက် နေကြာသီးနှံးစိုက်ပျိုးရန် ဘားအံမြို့နယ်တွင် (၂၅၀၀) ဧကနှင့် လှိုင်းဘွဲမြို့နယ်တွင် (၂၀၀)ဧက စိုက်ပျိုးရန် လျာထားပြီး မြို့နယ်အလိုက် နေကြာသီးနှံတာဝန်ပေးအပ်ပွဲ အခမ်းအနားများကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း နေကြာစံပြကွက် စိုက်ပျိုးပြိုင်ပွဲအား ဘားအံမြို့နယ် ကော့သံခါကျေးရွာ အုပ်စုတွင်ပြုလုပ်ရန် စီစဉ်ထားရှိပါကြောင်း စံပြစိုက်ခင်းများလည်း စီစဉ်ထားရှိပါကြောင်း၊ ကျေးရွာ(၁၉)ရွာတွင်လည်း မျိုးစေ့ထုတ်စိုက်ခင်း (၁၃၂)ဧကရှိပြီး စိုက်ပျိုးရန် လျားထားပြီးဖြစ်ပါကြောင်း ဘားအံမြို့နယ်တွင် မြေပဲအားကော့လှိုက်၊ ကော့ကျိုက်နှင့် ဝင်းကျန်ကျေးရွာတို့တွင် လည်းကောင်း၊ ပဲတီစိမ်းအားဘားကပ်နှင့် ကော့လှိုက်ကျေးရွာများတွင်လည်းကောင်း၊ နေကြာအားထောင်ဝိ၊ ပေါ့ထော်နှင့် ကော့သံခါကျေးရွာတို့တွင်လည်းကောင်း၊ မျိုးစေ့ထုတ်စိုက်ခင်း၊ တောင်သူစံပြစိုက်ခင်း၊ ပန်းတိုင်အထွက်နှုန်းစိုက်ခင်းများကို တစ်ဆက်တစ်စပ်တည်း လုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ လှိုင်းဘွဲမြို့နယ်တွင် မြေပဲအားရွှေဂွန်းကျေးရွာတွင်လည်းကောင်း၊ စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် ဒေသအတွင်းငါးစားသုံးမှုဖူလုံရေးအတွက် လှိုင်းဘွဲမြို့နယ်ရှိ ငါးမွေးမြူရေးကန်၊ (၃၇.၅)ဧကအပြင် ငါးမွေးမြူရေးကန်များကိုလည်း တိုးချဲ့သွားမည့်ဖြစ်ကြောင်း၊ ဘားအံခရိုင် စီမံအုပ်ချုပ်ရေးထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)