မောက်မယ်မြို့နယ်၌မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲပထမနေ့ကျင်းပ

မောက်မယ် ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၄−၂၀၂၅ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲပထမနေ့ကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(စျေးတန်း)တွင် စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်အေးမြင့်ခိုင်က လူရည်ချွန်ကျောင်းသား/ကျောင်းသူများ ရွေးချယ်ရေးအတွက် ချမှတ်ထားသော စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ၊ ရွေးချယ်ရေးဆိုင်ရာလုပ်ငန်းလမ်းညွှန်တို့နှင့်အညီ တာဝန်ရှိသူကော်မတီအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ပေးပြီး အဆိုပါ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ(မြို့နယ်အဆင့်)ကို  မြန်မာစာ၊ အင်္ဂလိပ် စာ၊ အထွေထွေဗဟုသုတ၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့်ယုံကြည်မှုစစ်ဆေးခြင်းနှင့် လူတွေ့နုတ်ဖြေစစ်ဆေးခြင်းတို့ကို ဒီဇင်ဘာလ(၆)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါလူရည်ချွန်ရွေးချယ်ရေး စာမေးပွဲ(မြို့နယ်အဆင့်)ကို ကျောင်းသား/ကျောင်းသူများ (၁၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)