ဝါးခယ်မ ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ "စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် " ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဝါးခယ်မမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒေါ်ပိုက်မိခန်းမ၌ ကျင်းပခဲ့သည်။
ဝါးခယ်မမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဒုတိယနေ့ဆုချီးမြှင့်ပွဲအခမ်းအနားကို အ-ထ-က(၁)ကျောင်းသား၊ ကျောင်းသူများမှ ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့ သီချင်းဖြင့် သီဆိုဖွင့်လှစ်ကာ ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်က အဖွင့်အမှာစကားပြောကြားပြီး စာပေပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူ အသီးသီးမှ ဆုများချီးမြှင်ခြင်း၊ အ-ထ-က(ခွဲ)(အလက-၁) ကျောင်းသား၊ ကျောင်းသူလေးများက အလှဆုံးပန်းများပွင်ကြပြီ သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ မူလွန်လှေကျင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက အလှကမ္ဘာမြေသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြရာ ဖျော်ဖြေရေးအဖွဲ့များအား တာဝန်ရှိသူအသီးသီးမှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ဝါးခယ်မမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ နိုင်ငံတော်အတွက် အနာဂတ်မျိုးဆက်သစ် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရေးအတွက် လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများကိုလည်း ကျင်းပပေးလျက်ရှိသည်။ ဝါးခယ်မမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဒီဇင်ဘာလ(၂)ရက်နေ့မှ စတင်ကျင်းပရာ ဒီဇင်ဘာလ(၃) ရက်နေ့အထိ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဟိန်းထက်လင်း(ပြန်/ဆက်)