စလင်း ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ အသက် ၂ လမှ ၁၈ လအတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်ဆောင်နေစဥ် ကျန်းမာသန်စွမ်း၍ ကလေးငယ်များအား ကူးစက်ရောဂါကင်းဝေးစေရန်အတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက လစဥ်ပုံမှန်ထိုးနှံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာ၊ ဆရာမများက စလင်းမြို့ မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ မွေးကင်းစကလေး အသက် ၂ လမှ ၁၈ လအတွင်းရှိ ကလေးကယ်များအား ဘီစီဂျီ၊ ပိုလီယို၊ ဝက်သက်၊ ဂျိုက်သိုး၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)နှင့် ဦးနှောက်အမှေးရောင်ရောဂါများကို ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကို မေးခိုင်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းများကို ဒီဇင်ဘာ(၁)ရက်နေ့မှ စတင်ထိုးနှံခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ကလေးငယ် (၂၅)ဦး၊ ကိုယ်ဝန်ဆောင်မိခင် (၄၅ )ဦးတို့အား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး ကျန်ရှိနေသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဥ်ကာလအတွင်း ကျန်းမာရေးနှင့်ပတ်သက်၍ အလေးထားဂရုပြုဆောင်ရွက်ရန်၊ ရောဂါလက္ခဏာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ဆေးရုံဆေးခန်းမိခင်နှင့် ကလေးကျန်းမာရေးဌာနများတွင် အမြန်ဆုံးဆေးကုသမှုခံယူရန်လိုအပ်ကြောင်းတို့ကို အသိပညာပေးဆောင်ရွက်ပြီး ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မောင်လွင်