နတ်မောက် ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနက ဆုံဆို့၊ မေးခိုင်နှင့်သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ရေးထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းတွင် ကျန်းမာရေးဆရာများက KG ကျောင်းသား/သူများနှင့် အသက်(၇)နှစ်အထက် မကျော်လွန်သည့် ကျောင်းသား/သူများအား ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းနှင့် အသက် (၉) နှစ်ပြည့်ပြီး အသက် (၁၀) နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း (၇၅) ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လှဝင်း