ပြည်ကြီးမဏ္ဍိုင်မြို့ ကလေးစာဖတ်ခန်းတွင် ကဗျာရွတ်ပြိုင်ပွဲနှင့် စက္ကူခေါက်နည်း ကျင်းပ

ပြည်ကြီးမဏ္ဍိုင် ဒီဇင်ဘာ ၄  

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ကဗျာရွတ်ပြိုင်ပွဲနှင့်  စက္ကူခေါက်နည်းကို ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့ကြသည်။

ထို့နောက် အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) KG မှ ကျောင်းသား/ ကျောင်းသူများက “ကြက်ဖတိန်ညင်”နှင့် “လူရှည်ကြီး” ကဗျာဖြင့်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး Grade - 2 မှ ကျောင်းသား/ သူ (၁၂) ဦးတို့အား စက္ကူဖြင့် “ရေခွက်ခေါက်နည်း” ကို သင်ကြားပြသပေးပြီး ကလေးများအား အာဟာရမုန့်များ ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ကျောင်းသား/ သူများအနေဖြင့် ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်လာစေရန်၊ ယှဉ်ပြိုင်တက်သည့် အလေ့အကျင့်များရရှိစေရန်၊ အသိဉာဏ်ပညာဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ စာကြည့်တိုက်အသုံးချမှု ပိုမိုတိုးပွားလာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)