သံတောင်ကြီး ဒီဇင်ဘာ ၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့်သစ်ပင်ကြီးများပေါ်တွင် တွယ်တက်ရန်အတွက် တောင်ပေါ်ကွမ်းရွက်ကြမ်းများနှင့်တွဲဖက်၍ စိုက်ပျိုးလျက်ရှိပြီး ယခုဒီဇင်ဘာလပထမပတ်တွင် သံတောင်ကြီးဒေသထွက် တောင်ပေါ်ကွမ်းရွက်ကြမ်းများ အထွက်နှုန်း အနည်းငယ် ကျဆင်းသော်လည်း ဈေးကောင်းရရှိကြောင်း သိရသည်။
အဆိုပါ ဒေသခံပြည်သူများသည် တောင်ပေါ်ကွမ်းရွက်ကြမ်းများကို တစ်နှစ်လျှင် (၃) ကြိမ်နှုန်းဖြင့် ခူးယူပြီး ယခုမိုးတွင်းအချိန်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများ လှိုင်လှိုင်ထွက်ရှိသော်လည်း ဈေးကောင်းရရှိပြီး တောင်ပေါ်ကွမ်းကြမ်း (၁၀) ပိဿာလျှင် ကျပ် (၂၅၀၀၀) မှ ကျပ် (၃၀၀၀၀) ထိရရှိကြောင်း တောင်ပေါ်ကွမ်းရွက်ကြမ်း ရောင်းဝယ်လုပ်ကိုင်သူ ဦးစောကညောထံက သိရသည်။
နော်နော်မူ