မြိတ်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်  အသိပညာပေးဟောပြော

မြိတ်  ဒီဇင်ဘာ  ၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ (၂)ရက်နံနက်ပိုင်းက အ.ထ.က(၁) ပညာ့ဗိမာန်ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဟောပြောရာတွင် မြိတ်ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်အေးက အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အကြောင်း အရာများ နှင့် Gender ကျားမရေးရာ အကြောင်းအရာများကို ရှင်းလင်းပြာကြားပြီး ဦးစီးအရာရှိ ဒေါ်သီသီ အေးက ကျားမအခြေပြုအကြမ်းဖက်မှုအကြောင်းအရာများနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ဖြစ်ပေါ်စေသည့်အကြောင်းအရာများ၊ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်သင့်သည်များ၊ ရပ်ရွာလူထု၊ မိဘအုပ်ထိန်းသူများနှင့် မိမိကိုယ်တိုင်ဆောင်ရွက်သင့်သည် များဆွေးနွေး‌ ပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက ဆက်သွယ်ရေးနည်းပညာကိုအသုံးပြု၍ အကြမ်းဖက်မှု အကြောင်း အရာများကို ‌‌‌‌‌‌‌ရှင်းလင်း‌ပြောကြားသည်။ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  စာအုပ်ပြပွဲနှင့် ကလေးအလုပ်သမားဥပဒေ ပြဌာန်းချက်ပါ အသိပညာပေး နံရံကပ်စာစောင်ပြသပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာကြည့်ရှု အားပေးခဲ့ကြသည်။ အလားတူနေ့လယ်ပိုင်း၌ အ.ထ.က(၄)ကျောင်းတွင်လည်း အဆိုပါဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)