သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်

သံတောင်ကြီး ဒီဇင်ဘာ ၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျောင်းသူ၊ ကျောင်းသားများ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ်ခြင်းအလေ့အကျင့်ကောင်းများရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းတို့နှင့်ပူးပေါင်းပြီး  စာရေးဆရာ သုတေသီဘုန်းမြင့်သွေး၏ လူ့ဘဝမှာ အရေးကြီးလှတဲ့ အကျင့်စာရိတ္တစာအုပ်အား ယမန်နေ့နေ့လည် (၁) နာရီအချိန်က သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ စာကြည့်တိုက်ခန်းမအတွင်းတွင် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဦးစွာ သံတောင်ကြီးမြို့နယ် ကျောင်းအုပ်ဆရာမကြီး ဒေါ်လိုအေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး‌ ဒေါ်နော်နီလာအေးမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်လော်မူမှ ဦးဆောင်၍ စာရေးဆရာ သုတေသီဘုန်းမြင့်သွေး၏ လူဘဝမှာအရေးကြီးလှတဲ့ အကျင့်စာရိတ္တစာအုပ်အား စာဖတ်ဝိုင်းဆောင်ရွက်ရာ နော်အေးပုလဲ Grade–9 ကျောင်းသူက ဆင်းရဲလို့ အကျင့်စာရိတ္တ အပျက်မခံနဲ၊ ချမ်းသာတဲအခါ စာရိတ္တမပျက်အောင်ကြိုးစားပါ ခေါင်းစဉ်ငယ်ဖြင့်လည်းကောင်း၊ နော်ကလိုထူး Grade -9 ကျောင်းသူမှ လူရာဝင်တယ်ဆိုတာဘာလဲ၊ သီလနှင့်အသက်ရှင်ပါ၊ အကျင့်စာရိတ္တဆိုတာဘာလဲ ခေါင်းစဉ်ငယ်ဖြင့်လည်းကောင်း၊ စောကပေါ်ဒိုမှ ရိုးရိုးကျင့်မြင့်မြင့်ကြံ၊ စည်းကမ်းဟာအကျင့်စာရိတ္တ၊ လောဘတက်အကျင့်ပျက် ခေါင်းစဉ်ငယ်ဖြင့် ဆွေးနွေးပြီး တက်ရောက်လာသည့် ကျောင်းသူ၊ ကျောင်းသားများက သိရှိလိုသည်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာရေးဆရာ သုတေတီဘုန်းမြင့်သွေး၏ လူ့ဘဝမှာအရေးကြီးလှတဲ့ အကျင့်စာရိတ္တစာအုပ်ကို ဖတ်ရှုခြင်အားဖြင့် အမှန်တရားနှင့် အကျင့်စာရိတ္တကို ကျင့်သုံးလာတတ်ခြင်း၊ စည်းကမ်းရှိစွာ နေထိုပြုမူလာတတ်ခြင်း၊ လူငယ်တွေအကောင်းအဆိုး အမှားအမှန်ကို ခွဲခြားသိမြင်လာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိကြောင်း သိရသည်။

နော်နော်မူ