လပွတ္တာ ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ် ၇ ရပ်ကွက်ရှိ စိန်တိဂုံဘုရား၊ လယ်တီဓမ္မရိပ်သာ၊ ကလျာဏကာရီ သီလရှင်စာသင်တိုက်များသို့ သွားရာလမ်း အရှည် ၉၂၂ ပေရှိ ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါလမ်းမုခ်ဦးရှေ့၌ ကျင်းပသည်။
ရှေးဦးစွာ လပွတ္တာမြို့နယ် ကိုးနဝင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယ( ဓမ္မာစရိယ)မှ ဩဝါဒမိန့်ကြားခဲ့ပြီး လပွတ္တာမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ သရက်တောကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုစိတ္တ(ဂန္တဝါစကပဏ္ဍိတ)၊ ကိုးနဝင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယ (ဓမ္မာစရိယ)၊ ရန်ကင်းတောင်ဆရာတော် ဘဒ္ဒန္တစန္တိမာ၊ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ၁ ဒုတိယဗိုလ်မှူးကြီး အောင်ဖုန်းဟန်၊ မတည်အလှူရှင် ဦးမင်းသိန်းနှင့် ဒေါ်နေနွယ်ထွန်းတို့က ဖဲကြိုးဖြတ်၍ အဝင်လမ်းမုခ်ဦးကို ဖွင့်လှစ်ပေးကြသည်။ ထို့နောက် သံဃာတော်များအား လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအနုမောဒနာတရား နာယူကြသည်။
အဆိုပါ အလင်းရောင် ကွန်ကရစ်လမ်းသစ်သည် အကျယ် ၁၉ပေ၊ အရှည် ၉၂၂ပေ ကျော်ရှိပြီး မတည်အလှူရှင် ဦးမင်းသိန်း-ဒေါ်နေနွယ်ထွန်း မိသားစုနှင့် ခုနစ်ရက်သားသမီးများက စုပေါင်း၍ လှူဒါန်းငွေ ကျပ်သိန်း(၉၁၀)တို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မူမူ