ကရသူရိမြို့ ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသ

ကရသူရိ ဒီဇင်ဘာ ၄

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယ‌နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ  မြို့ဦးစီးမှူးက ကလေးငယ်များအနေဖြင့် အသက်(၁၈)နှစ် မပြည့်သေးလျှင် လုပ်ငန်းခွင်သို့ ဝင်‌ရောက် လုပ်ကိုင် ခြင်းမရရှိသလို အလုပ်ခိုင်းစေသူများအား ဥပဒေအရ အရေးယူဆောင်ရွက် နိုင်ကြောင်း၊ ကလေးအလုပ်သမားများအပေါ်  ခိုင်းစေမှုကြောင့် အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှု/ ပြစ်ဒဏ်များ၊ အဆိုးရွားဆုံးခိုင်းစေခံရသည့် ကလေးသူငယ်ဆိုသည်မှာ၊ ကလေးအလုပ်သမားများအပေါ် ကာကွယ်ပေးသည့် ဥပဒေဆိုင်ရာသိကောင်းစရာများ၊ ကလေးအလု ပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်ဆောင်ရွက်နိုင်ရေးတို့ကို ပညာပေးဟောပြောခဲ့သည်။ ထို့နောက် ကလေးအလုပ်သမားပပျောက်‌ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြသရာ ကျောင်သား/သူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)