ညောင်လေးပင် ဒီဇင်ဘာ ၄
ညောင်လေးပင်ခရိုင်၊ ပိန်းဇလုပ်မြို့နယ်လက်ထောက်မီးသတ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပိန်းဇလုပ်ရဲစခန်းအတွင်း၌ ကျင်းပခဲ့ရာ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပိန်းဇလုပ်မြို့နယ်စခန်းမှူးက အဖွင့်အမှာစကားပြောကြားပြီး ပိန်းဇလုပ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးစန်းဝင်းမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၏ ရည်ရွယ်ချက်ကို အကျယ်တဝင့်ရှင်းလင်းခြင်း၊ မီးဘေးအန္တရာယ်မှ ကာကွယ်ရမည့်နည်းလမ်းများ၊ ရင်ဆိုင်ရမည့်အခါ စတင်လုပ်ဆောင်ရမည့်အချက်များ၊ ကိုင်ဆောင်ရမည့်ပုံစံများ သိရှိစေလိုရန်နှင့် လက်တွေ့ မီးငြှိမ်းသတ်နည်းများကိုလည်း ပူးပေါင်းဆောင်ရွက်တက်စေရန် လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးပြီးနောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ခြင်းများကို ပုံစံအမျိုးမျိုးဖြင့် လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)